Posts

Showing posts from December, 2016

တောက်ပခဲ့တဲ့ ကြယ်တစ်ပွင့် (သို့မဟုတ်) မာရာအန်ဂျလို

ငယ်ဘဝရဲ့ ခယောင်းလမ်း မာဂရက် အန်နီဂျွန်ဆန်ကို ၁၉၂၈ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း၊ မစ်ဆောရီပြည်နယ်၊ စိန့်လူးဝစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ် သူ ဘေလီဂျွန်ဆန်မှာ တံခါးစောင့်အလုပ်ကို လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ရေတပ်စားဖိုမှူးတစ် ဦးလည်း ဖြစ်ပါတယ်။ အမေကတော့ ဘက် စတာဂျွန်ဆန်ဖြစ်ပြီး သူနာပြုတစ်ယောက်ဖြစ် ပါတယ်။ မာဂရက်ရဲ့အစ်ကို ဘေလီဂျူနီယာ က မာဂရက်ကို မာရာလို့ နာမည်ပြောင်းလဲ ပေးခဲ့ပါတယ်။ အဓိပ်္ပာယ်ကတော့ ငါ့ရဲ့ညီမ လေးဖြစ်ပါတယ်။ အန်ဂျလိုလေး သုံးနှစ် အရွယ်အရောက်မှာ မိဘတွေရဲ့ မပြေလည်မှု ဒုက်္ခတွေဟာ အိမ်ထောင်ရေးကို အဆုံးသတ် ဖို့ ဖန်လာခဲ့ပါတယ်။ ကွာရှင်းပြတ်စဲပြီးနောက် မှာတော့ သူ့ရဲ့အဖေက အန်ဂျလိုတို့ မောင် နှမကို သူ့တို့အဘွား အန်နီဟန်ဒါဆန်ရှိရာ အာ ကန်းဆက်ပြည်နယ်က စတန့်(စ်)ဆိုတဲ့ မြို့ ငယ်လေးဆီ ပို့လိုက်ပါတယ်။ အန်နီဟန်ဒါ ဆန်က စတိုးဆိုင်လေးတစ်ခု ဖွင့်ထားသူပါ။ နောင်လေးနှစ်အကြာမှာတော့ အန်ဂျလို ရဲ့ဖခင်ဟာ ကလေးတွေကို အဘွားဆီကနေ ပြန်ခေါ်ပြီး သူတို့မိခင်ရှိရာ စိန့်လူးဝစ်ကို ပြန် ပို့ ခဲ့ပါတယ်။ အန်ဂျလိုလေး ခုနစ်နှစ်အရွယ် ပေါ့။ တစ်နေ့မှာတော့ အန်ဂျလိုအတွက် ကံဆိုးမိုးမ...