Posts

Showing posts from September, 2016

မင်းသုဝဏ် ၏ ကဗျာ (ငါ့မျက်ရည်)

ငါ့မျက်ရည် ဆဲသည်ကိုလည်း သူမှုခဲ။ ငါ့မျက်ရည် ဆိုသည်ကိုလည်း သူမှုခဲ။ ငါ့မျက်ရည် နင်းသည်ကိုလည်း သူမှုခဲ။ ငါ့မျက်ရည် နှိမ်သည်ကိုလည်း သူမှုခဲ။ ခုတစ်ခါမူ ငဲ့ညှာထောက်ရှု ကြင်နာမှုကြောင့် ဥကာ လည်ကာ ဝိုင်းကာ လာသည် ငါ့မှာ အံကြိတ်ထားရ၏။ မင်းသုဝဏ်

မဂ္ဂင် ၈ ပါး

မဂ္ဂင်(၈)ပါး အကျင့်တရား (မဂ္ဂင်(၈)ပါးအကျင့်တရား) ၁။သမ္မာဒိဌိ(အမှန်သိခြင်း)။ အနိစ္စ၊ဒုက္ခ၊အနတ္တ လက္ခဏာရေး(၃)ပါး ကိုတကယ်သိနေခြင်း၊ ထို့ပြင်- (က) ဒုက္ခောဉာဏံ။ ဆင်းရဲခြင်းတို့ကို မှန်စွာသိခြင်း။ (ခ) ဒုက္ခသမုဒယောဉာဏံ။ ဆင်းရဲခြင်းဖြစ်ရခြင်းတရားကိုသိခြင်း။ (ဂ) ဒုက္ခနိရောဓဉာဏံ။ ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသိခြင်း။ (ဃ) ဒုက္ခနိရောဓဂါမိနိပဋိပါဒယဉာဏံ။ ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းရာအကျင့်ကိုသိခြင်း။ ၂။ သမ္မာသင်္ကပ(အမှန်ကြံစည်ခြင်း)။ ရုပ်နာမ်တို့ သူ့သဘောသူဆောင်နေခြင်းကို ရှုမြင်ခြင်း- (က) နေက္ခမ္မသင်္ကပ္ပေါ။ လောကီအာရုံကာမဂုဏ်၌ခုံမင်တွယ် တာခြင်းမှလွတ်ကင်း လိုသောကြံစည်မှု(ကာမဝိတက်)။ (ခ)အဗျာပါဒသင်္ကပ္ပေါ။ နှလုံးမသာခြင်း၊အမျက်ထွက်ခြင်း မှကင်းသောကြံစည်မှု(ဗျာပါဒဝိတက်)။ (ဂ) ဝိဟီသာသင်္ကပ္ပေါ။ နှိပ်စက်ညှင်းဆဲခြင်း၊ အနိုင်ရလိုခြင်းတို့မှကင်းသောကြံစည်ခြင်း (ဝိဟိ ံသဝိတက်)။ ၃။ သမ္မာဝါစာ(အမှန်ပြောခြင်း)။ မုသာဝါဒ - မုသားမပြောခြင်း၊ ပိသုဏဝါစာ - ကုန်းမတိုက်ခြင်း၊ ဖရုဿဝါစာ - သူတစ်ပါးနားမခံသာအောင် ကြမ်းတမ်းစွာမပြောဆိုခြင်း၊ သမ္ဖပ္ပလာပဝါစာ - အနှစ်မပါလုပ်ကြံ၍မပြောဆိုခြင်း၊ ဝစီစရိုက်(၄)ပါးရှောင်ကြဉ်ခြင်း။...

ရေအကျိုး ၁၀ ပါး

ရေအလှူအကျိုးဆယ်ပါး စင်ကြယ်ကျော်ဇော ပေါများခြွေရံ လျှင်မြန် ဘိခြင်း မွတ်သိပ် ကင်းလျှက် အဆင်းသုခ ဗလ အာယု ကြီးထုပညာ ဤဆယ်ဖြာ ရေလှူပါက အကျိုးရ