Posts

Showing posts from March, 2016

ရုပ်လှချင်ရင်

. . . . . ရုပ်လှချင်ရင်. . . . . . ဟိုးရှေးအခါက သီဟိုဠ်ကျွန်းမှာ အလွန်မတန်မှ ချောမောလှပတဲ့ လုလင်ပျို တစ်ယောက်ရှိသတဲ့. . သူ့လိုပဲ ရုပ်အဆင်းချောမောပြေပြစ်တဲ့ ရဟန်းငယ် တစ်ပါးလည်း ရှိပါတယ်. . .တစ်နေ့တော့ နှစ်ဘက်က ဒကာဒကာမ တွေ လူတွေက သူတို့ မင်းသားလေးက လှတယ် သူတို့ရဟန်းငယ်လေးက လှတယ် ဆိုပြီး. .အချင်းများကြပါတယ်. . .ဟိုလူသာတယ် ဒီလူသာတယ်ပေါ့လေ. .အဲဒါနဲ့တစ်နေ့ ဒိုင်တွေဖွဲ့ပြီးပြိုင်ကြတာပေါ့လေ. . ဘယ်သူအနိုင်ရသွားသလဲမပြောခင် သူတို့နှစ်ဦးရဲ့ အတိတ်ဘ၀ လေးကိုပြောပါရစေ. .အရင်အတိတ်ဘဝတစ်ခုမှာ အခုဘဝက ရဟန်းလေးက ကျောင်းတစ်ကျောင်းမှာ . .ရဟန်းကြီးဖြစ်ပြီး လုလင်ငယ်ကတော့ ကျောင်းက ကပ္ပိယကြီးဖြစ်ခဲ့ကြပါတယ်. . ရဟန်းကြီးက ကျောင်းဝန်းထဲမှာ အမှိုက်တွေလှည်းရင် ကပ္ပိယကြီးက အမှိုက်ကျုံုးပေး ခဲ့ပါတယ် အဲဒီ ကုသိုလ်တွေကြောင့် ယခုဘဝမှာ ရုပ်ဆင်းအင်္ဂါလှပ နေကြရတာပါ. . . . . . ဒီတော့. . . . ဘယ်သူအနိုင်ရသွားသလဲဆိုတာ သိလောက်ပါပြီ. . . အဓိကပြောချင်တာကတော့ ရုပ်ဆင်းအင်္ဂါလှပ ချင်ရင် အမှိုက်လှည်းတာတို့ ပတ်ဝန်းကျင် သန့်ရှင်းအောင် အများသူငါ စိတ်ချမ်းမြေ့အောင် လုပ်အားပေး လုပ်ဆောင်တာတို့ကို လုပ်ကြရပါမယ်. . .ဒီအကျိုးထူးတင်မဟုတ်ပါဘူး...