Bill Gates
တစ်ခါတုန်းက ဘီလ် ဂိတ်က စားသောက်ဆိုင်တစ်ခုမှာ ရှိနေတယ် ။ စားသောက်ပြီးတဲ့အခါ စားပွဲထိုးကို ဘောက်ဆူးအဖြစ် ငါးဒေါ်လာ ပေးလိုက်တယ် ။ စားပွဲထိုးမျက်နှာမှာ ဘောက်ဆူးရတဲ့ အခါ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပြောင်းလဲသွားတယ် ။ ဘီလ်ဂိတ်က နားလည်လိုက်ပြီး မေးလိုက်တယ် ။ “ ဘာဖြစ်လို့လဲ ” စားပွဲထိုး လေးက ပြန်ဖြေတယ် ။ “ ကျွန်တော် အံ့သြလို့ပါ စားပွဲတစ်ခုထဲမှာပဲ ခင်ဗျားသားက ကျွန်တော့်ကို ဒေါ်လာ ငါးရာ ဘောက်ဆူးပေးခဲ့တယ် ...အခု ခင်းဗျားက သူ့အဖေလေ တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံးလူ ... ခင်ဗျားက ငါးဒေါ်လာ ပဲပေးတယ် ” ဘီလ်ဂိတ်က ပြုံးလိုက်ပြီး အဓိပ္ပါယ်များစွာပါတဲ့ စကားနဲ့ပြန်ပြောလိုက်တယ် ။ “ သူက ကမ္ဘာ့ အချမ်းသာဆုံးလူ ဖြစ်တဲ့ ငါ့ရဲ့ သားပါ ... ငါကတော့ သစ်ခုတ်သမားရဲ့သားပါ ” တဲ့ ။ ################### ကိုယ့်ရဲ့ အတိတ် ကိုယ့်ရဲ့ဘဝဆိုတာ ဘယ်တော့မှမမေ့ပစ်ရဘူး ။ ကိုယ်ဘယ်အခြေအနေပဲရောက်နေနေ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝကိုမေ့ပြီး အောက်ခြေလွတ် တဲ့ လူတန်းစားမဖြစ်အောင် နေဖို့လို ပါ တယ် ။